အောက်တိုဘာလတုန်းက သတင်းသီးသီး သန့်သန့်ထွက်ခဲ့တဲ့ ထိုင်းလူမျိုးတွေအတွက် တစ်နေ့တာ လုပ်အားခ ဘတ် ၄၀၀ အထိတိုးမြှင့်ပေးသွားမယ့်အစီအစဥ်ကို ၂၀၂၅ ခုနှစ် နှစ်စပိုင်းမှာ စတင်ဖို့ စီစဥ်နေပြီး လုပ်သားတွေအတွက် နှစ်သစ်လက်ဆောင်အဖြစ် ပေးအပ်သွားဖို့ စီစဥ်နေတယ်လို့ အလုပ်သမား ဝန်ကြီးကပြောလာပါတယ်။
အောက်တိုဘာလထဲက စတင်ပြီး ဆွေးနွေးဖို့ စီစဥ်ခဲ့ပေမယ့် ဆွေးနွေးရာမှာ အရေးကြီးတဲ့သူတွေပါဝင်တာမျိုးမရှိခဲ့တာ၊ မတက်ရောက်နိုင်တဲ့ လုပ်ငန်းရှင်တွေရှိခဲ့တာအပြင် အကြောင်းမျိုးမျိုးကြောင့် ကြန့်ကြာမှုတွေရှ်ိလာခဲ့တာမှ အခုတော့ ဒီဇင်ဘာလအတွင်းကို ဆွေးနွေးမှုတွေ အပြီးသတ်ဖို့ ရည်ရွယ်ထားပါတယ်လို့ဖော်ပြလာပါတယ်။
လတ်တလောမှာတော့ ထိုင်းနိုင်ငံရဲ့ လုပ်ခလစာက ပြည်နယ်ပေါ်မူတည်ပြီး ၃၃၀-၃၇၀ ရှိနေရာကနေ ၂၀၂၅ မှာ ၄၀၀ နဲ့ ၂၀၂၇ မှာ တစ်နေ့ ၆၀၀ အထိတိုးပေးသွားဖို့ အာဏာရပါတီက မဲဆွယ်ကာလမှာ သုံးခဲ့သလို လက်တွေ့လည်း အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
လစာတိုးမြှင့်မဲ့ ကိစ္စက ဝန်ထမ်း ၂၀၀ အထက်ရှိတဲ့ လုပ်ငန်းတွေအတွက် အကြုံးဝင်မှာဖြစ်ပြီး လုပ်ငန်းရှင်တွေကြားမှာတော့ တစ်နေ့ ၄၀၀ တိုးမြှင့်မှုက အဆင်ပြေ၊ မပြေဆိုတာကို မသေချာဘဲ စိုးရိမ်နေကြပါတယ်။
ဒီဇင်ဘာလဆိုရင်တော့ အကုန်လုံးရုပ်လုံးပေါ်လာတော့မှာပါ။