နေ့စဥ် လေယာဥ် အစီး ၃၀၀ ဆင်းသက်နေပြီး နိုင်ငံတကာ ခရီးသည် ၃ သောင်းကျော်နဲ့ ပြည်တွင်းခရီးသည် ၁၇၀၀၀ ကနေ ၁၉၀၀၀ ကြားအထိ ဝင်ရောက်မှုတိုးပွားလာနေတယ်လို့ ဖူးခက်လေယာဥ်ကွင်း တာဝန်ရှိသူတွေကဆိုပါတယ်။
နောက်ပိုင်းမှာတော့ ခရီးသည် တစ်နှစ်ကို ၁၈ သန်းအထိ တိုးချဲ့ပြီးတဲ့နောက်မှာ ဝန်ဆောင်မှု ပေးသွားဖို့လည်း ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဒီလို ကိန်းဂဏန်းတွေရှိနေတာတောင် ကိုဗစ်မတိုင်ခင်တုန်းက ရရှိခဲ့တဲ့ နံပါတ်တွေကိုတော့ မမီသေးဘူးလို့ ဖူးခက်လေဆိပ်တာဝန်ရှိသူက ပြောပေမဲ့ ဒီနံပါတ်က တိုးတက်မှုတွေရှိနေပြီး ခရီးသည် ဝင်ရောက်မှုတွေလည်း တဖြည်းဖြည်းများလာတယ်လို့ သူက ဖြည့်ပြောပါတယ်။
ဖူးခက်လေဆိပ်က တစ်နေ့ကို လေယာဥ်အစီး ၆၀၀ ဆင်းသက်ဖို့ ဝန်ဆောင်မှုပေးနိုင်တဲ့အတွက် အခု ၃၀၀ ဝန်းကျင်ဆိုတာ ပမာဏနည်းနေသေးပြီး တရုတ်ကနေ ထပ်မံပြေးဆွဲဝင်ရောက်လာမယ့် လေယာဥ်တွေအပြင်၊ နောက်လမှာ စတင်မယ့် ဆော်ဒီ-ဖူးခက် တိုက်ရိုက်လေကြောင်း၊ ကာဇက်စတန်-ဖူးခက်လေကြောင်းလိုင်းတွေကနေ ခရီးသည်တွေထပ်မံဝင်ရောက်လာဖို့ မျှော်လင့်ထားပြီး နိုင်ငံရဲ့စီးပွားရေး တစ်ထောင့်တစ်နေရာကနေ တိုးတက်လာဖို့မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရကတော့ သူတို့နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေတွေ အများကြီးရဖို့ အတော်လေး အားထုတ်ကြိုးပမ်းမှုတွေလုပ်နေတာဖြစ်ပါတယ်။
Ref: Thaiger