ထိုင်းနှင့် နှစ်နိုင်ငံသဘောတူညီချက် (Bilateral Agreement) အရ ထိုင်းနိုင်ငံ၊ နိုင်ငံတကာလေဆိပ်များမှ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေမှာ နိုင်ငံတွင်းနေထိုင်ခွင့် 14 ရက်ရှိပါတယ်။
ထိုင်းနိုင်ငံအတွင်းဝင်ရောက်ရန် အောက်ပါစာရွက်စာတမ်းများလိုအပ်ကြောင်း သတိပြုပါ။
(အနည်းဆုံး ခရီးသွားရက်မှ 6 လသက်တမ်းကျန်ရန် လိုအပ်ပါတယ်။ Passport အတွင်း Entry နှင့် Exit တံဆိပ်များအတွက် အသုံးမပြုရသေးသော စာရွက် 2 မျက်နှာလည်း ရှိနေသင့်ပါတယ်။)
UK, USA, Australia, Canada, EU နိုင်ငံများတွင် နေထိုင်သော မြန်မာနိုင်ငံသားများအနေနှင့် 24/7 Customer Support မှဖြစ်စေ၊ Email နှင့်ဖြစ်စေ၊ မိမိအတွက်သင့်တော်မယ့် Thailand Visa အမျိုးအစားများအကြောင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
အောက်ပါသတ်မှတ်ချက်များအလိုက် Visa အမျိုးအစားရွေးချယ်နိုင်ပါတယ်။
- ခရီးသည်များအတွက်သာ ရည်ရွယ်ပြီး စီးပွါးရေး၊ အလုပ်အကိုင်များအတွက် အကျုံးမဝင်ပါ။
- ရက် 30 သို့်ဟုတ် 60 ကြာ ရွေးချယ်နေထိုင်နိုင်ပါတယ်။
- ရက် 60 သက်တမ်းတိုးခွင့် ရှိပါတယ်။
- ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားလေ့လာမှုမှု၊ သင်တန်းတက်ရောက်လေ့ကျင့်မှုများအတွက် ဖြစ်ပါတယ်။
- ထိုင်းနိုင်ငံအတွင်း Single Entry နှင့် ရက် 90 နေထိုင်ခွင့်၊ Multiple Entries များနှင့် 1 နှစ်ထိ သက်တမ်းရရှိနိုင်ပါတယ်။
- ထိုင်းနိုင်ငံသားနှင့် လက်ထပ်ဗီဇာ
- THB 40,000 ဝင်ငွေ သို့မဟုတ် THB 40,000 ပြနိုင်သော Bank Account (Combination အနေနှင့် နှစ်မျိုး တွဲပြလို့လည်း ရပါတယ်။)
- ထိုင်းနိုင်ငံအတွင်း Single Entry နှင့် ရက် 90 နေထိုင်ခွင့်၊ Multiple Entries များနှင့် 1 နှစ်ထိ သက်တမ်းရရှိနိုင်ပါတယ်။
- အသက် 50 နှင့်အထက်ဖြစ်ရပါမယ်။
- အငြိမ်းစား/ပင်စင်လစာ ဘတ် 65,000 သို့မဟုတ် ဘတ် 800,000 ပြနိုင်သော Thai Bank Account (Combination အနေနှင့် နှစ်မျိုး တွဲပြလို့လည်း ရပါတယ်။)
- ထိုင်းနိုင်ငံအတွင်း Single Entry နှင့် ရက် 90 နေထိုင်ခွင့်၊ Multiple Entries များနှင့် 1 နှစ်ထိ သက်တမ်းရရှိနိုင်ပါတယ်။
- Non-Immigrant Visa ကိုင်ဆောင်ထားသော မိသားစုဝင်၊ ကျောင်းသားမိဘများ
- ထိုင်းနိုင်ငံသားနှင့် အမျိုးတော်စပ်သော သို့မဟုတ် နိုင်ငံခြားသား မိဘ၊ အုပ်ထိန်းသူများ
- ထိုင်းနိုင်ငံအတွင်း Single Entry နှင့် ရက် 90 နေထိုင်ခွင့်၊ Multiple Entries များနှင့် 1 နှစ်ထိ သက်တမ်းရရှိနိုင်ပါတယ်။
အထက်ဖော်ပြပါ Visa အမျိုးအစားတွေလျှောက်လိုတဲ့ မြန်မာနိုင်ငံအတွင်းနေထိုင်နေသော နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ၊ အနီးစပ်ဆုံး ထိုင်းသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးမှ လူကိုယ်တိုင်သွားရောက် လျှောက်ထားနိုင်ပါတယ်။ မြို့နယ်အလိုက် လျှောက်လွှာလုပ်ဆောင်မှုနှင့် စျေးနှုန်းများ ကွာခြားသွားနိုင်ကြောင်း သတိပြုပါ။
အခြား Non-Immigrant ဗီဇာများနှင့် အထက်ပါစာရင်းထဲ မပါဝင်သော Visa အမျိုးအစား၊ လိုအပ်ချက်များအတွက် ထိုင်းသံရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အမှတ် ၇၃၊ မနော်ဟာရီလမ်း၊
ဒဂုံမြို့နယ်၊ ရန်ကုန်
မြန်မာ
ဖုန်းနံပါတ် :
+95-1 224647
+95-1 224550
+95-1 224507
Fax နံပါတ် :
+95-1 225929
Email :
mofa.aung@mptmail.net.mm
မင်္ဂလာပါ။ ဘားမားတောင်းမှ ကြိုဆိုပါတယ်။
ဘားမားတောင်းဟာ နိုင်ငံခြားရောက် ရွှေမြန်မာများအတွက် သတင်း၊ အလုပ်၊ လမ်းညွှန်နဲ့ ကြော်ငြာတွေအားလုံးကို တစ်နေရာတည်းမှာကြည့်နိုင်မယ့် Content Portal ပဲဖြစ်ပါတယ်။